Wednesday, October 26, 2016

မုန်တိုင်းအန္တရာယ် ကင်းရှင်းပြီ ဖြစ်သဖြင့် သံတွဲမြို့နယ်၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်


သံတွဲ အောက်တိုဘာ  ၂၆
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သည့်အနေဖြင့် သံတွဲမြို့နယ်ရှိ အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၂၄ရက်နေ့မှ ၂၅ ရက်နေ့အထိ ယာယီပိတ်ထားခဲ့သည်။

ယခုအခါ မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားပြီဖြစ်သဖြင့် အောက်တိုဘာ ၂၆ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စွာဖြင့် စာသင်ကြားလျက်ရှိကြောင်း သိရသည်။ အဆိုပါ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်ပိတ်ထားခဲ့သော ကျောင်းပိတ်ရက် ၂ ရက်ကို အခြားသင့်တော်သည့် ပိတ်ရက်များတွင် အစားထိုးတက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်

No comments:

Post a Comment