Wednesday, October 12, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာနှင့် အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူး၊ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့၊ နယ်သာလန် နိုင်ငံခြားရေး ၀န်ကြီးတို့အား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၂

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုရေးရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူး၊ လက်ထောက် အတွင်းရေးမှူးချုပ် မစ္စတာ စတီဖန်အို ဘရိုင်ယင် နှင့် အဖွဲ့အား  ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေး ကိစ္စရပ်များတွင် အကူအညီပေးရေး၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အလားတူ ဒုတိယသမ္မတသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘာ့တ် ကိုအင်ဒါးစ်နှင့်အဖွဲ့အား နံနက် ၁၁ နာရီခွဲတွင် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘက်စုံရေအရင်းအမြစ် အသုံးချရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍများတွင် မြန်မာနှင့် နယ်သာလန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြ သည်။


အဆိုပါတွေ့ဆုံပွဲသို့ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဝေါက်တာဂျာဂင်စ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment