Wednesday, October 12, 2016

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်စခန်းသုံးခု တိုက်ခိုက်ခံရမှုများအတွင်း ကျဆုံး ခဲ့ကြသူများ၏ မိသားစုများအား ဥရောပသမဂ္ဂမှ ဝမ်းနည်းကြောင်းပြောကြား

နေပြည်တော် အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်စခန်းသုံးခုအား တိုက်ခိုက်ခံရမှုများအတွင်း ကျဆုံးကွယ်လွန်သွားခဲ့ကြသူများ၏ မိသားစုများ အား ဥရောပသမဂ္ဂမှ ဝမ်းနည်းစာနာကြောင်း ပြောကြားလိုပါသည်။  ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်ပြီး တိုက်ခိုက်မှုကျူး လွန်သူများ ကိုလည်း တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည် ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂအနေဖြင့် ပါဝင်ပတ်သက်သူများ အားလုံးအား တာဝန်ရှိရှိ ထိန်းထိန်း သိမ်းသိမ်းပြုမှု ဆောင်ရွက်ကြပါရန်နှင့် စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ယခုကဲ့သို့ အခက်အခဲကြုံတွေ့နေရသည့် ကာလများတွင် မြန်မာနိုင်ငံနှင့် အတူတကွ ရပ်တည်လျက် ရှိပါကြောင်း အောက်တိုဘာ ၁၁ ရက်က ဥရောပသမဂ္ဂ၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားချက်အရ သိရသည်။


No comments:

Post a Comment