Thursday, October 27, 2016

ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပျံကျဈေးသည်များအား ချေးငွေ ပေးအပ်


ဂန့်ဂေါ အောက်တိုဘာ ၂၇
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပျံကျဈေးသည်များအား ဆဌမအကြိမ် ပထမ ၆ လပတ် ချေးငွေ ပေးအပ်ပွဲကို အောက်တိုဘာ ၂၆ ရက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဧည့်ရိပ်သာ၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်လင်းတို့က အမှာစကား ပြောကြားကြပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဥာဏ်ဦးက ချေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။



အဆိုပါနေ့တွင် ငွေကျပ် သုံးသောင်း ထုတ်ချေးသူ ၅၀ ဦး၊ ငွေကျပ် ငါးသောင်း ထုတ်ချေးသူ ၆၂ ဦး၊ ငွေကျပ် တစ်သိန်း ထုတ်ချေးသူ ၂၄ ဦး ရှိ၍ တာဝန်ရှိသူများက ပျံကျဈေးသည်များအား ချေးငွေများ ထုတ်ချေး ပေးကြောင်း သိရသည်။
ထို့ပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အဆိုပါချေးငွေအပေါ် ရရှိသည့် အတိုးအညွန့်ဖြင့် ပျံကျဈေးသည်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူ ၁၃၆ ဦးတို့အား ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်၊ LED LUMB မီးအိမ်၊ စာအုပ်နှင့် စာရေးကရိယာများ စုစုပေါင်း တန်ဖိုး ၇၁၆၀၀၀ ကျပ်ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဂန့်ဂေါမြို့ (ပြန်/ဆက်)

No comments:

Post a Comment