Thursday, October 27, 2016

စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်ကျောင်းသား၊ ကျောင်းသူလေးများအား ဆေးရောင်ခြယ်များနှင့် စိတ်ကူးပန်းချီ များ ရေးဆွဲနိုင်ရန်ပြုလုပ်ပေး

စဉ့်ကိုင် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၊ ပြန့်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူလေးများ စာကြည့်တိုက်များမှစာပေများကို ဖတ်ရှု့လေ့လာ၍ အသိပညာဗဟုသုတများ တိုးပွား လာစေရန် ရည်ရွယ်ကာဆေးရောင်ခြယ်နှင့် စိတ်ကူးပန်းချီရေးဆွဲခြင်းကို အောက်တိုဘာ (၂၆) ရက်နေ့က ကျောင်းဆင်းချိန်တွင် ကလေးသူငယ်များ ပုံတူပန်းချီများကို ရေးဆွဲခဲ့ကြသည်။

ယင်းသို့ ပြန့်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနဆေားရောင်ခြယ်နှင့်စိတ်ကူး ပန်းချီပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူလေးများသည် အခြေခံပညာကျောင်းများတွင် ပြုလုပ်သော အထိမ်းမှတ် ပုံဆွဲပန်းချီပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူလေးများအတွက် အထူးကောင်းမွန်သည့် အလေ့အကျင့်ကောင်းများ ရရှိလာအောင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူလေး များသည် ဆေးရောင်ခြယ်စက္ကူလေးများဖြင့် ငှက်ရုပ်လေးများ၊ မီးပုံးလေးများ၊ ပန်းပွင့်လေးများနှင့် စစ်တုရင်များကိုလည်း ကစားခဲ့ပြီးကျောင်းသား၊ ကျောင်းသူလေးများ အရမ်းပင်ပျော်ရွှင်ကြောင်း သိရသည်။

ဖိုးအောင်(စဉ့်ကိုင်)

No comments:

Post a Comment