Friday, October 28, 2016

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ

မုဒုံ အောက်တိုဘာ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောပွဲကို အမျိုးသမီး အိမ်တွင်းသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ခန်းမတွင် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် (၉)နာရီ အချိန်က ပြုလုပ်ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ် အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ခင်သီတာမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ချောချောအေးက လူကုန်ကူးမှုနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြအောင်မှ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာနမှ အထက်တန်း သူနာပြု ဒေါ်မြင့်မြင့်ရီက အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာကြီး၊ ဆရာမကြီးများ၊ အခြေခံသင်တန်းသူများ၊ အဆင့်မြင့်သင်တန်းသူများ၊ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မုဒုံ(ပြန်/ဆက်)

No comments:

Post a Comment