Friday, October 28, 2016

မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ စက်ပြင်/စက်မောင်း သင်တန်းဖွင့်လှစ်မည်

မိတ္ထီလာ အောက်တိုဘာ ၂၈
စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းပညာ မတိမ်ကော မပပျောက်စေရန်၊ နိုင်ငံပိုင်စက်ရုံ၊ ပုဂ္ဂလိစက်ရုံများတွင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်၊ ရက်ကန်းပညာနှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်၍ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် ရက်ကန်းပညာနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန် ရည်ရွယ်၍ စက်ပြင်စက်မောင်း သင်တန်းဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ပြင်/စက်မောင်းသင်တန်းကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းကျောင်းတွင် နိုဝင်ဘာလ (၂၀)ရက်နေ့မှ စတင်၍ စက်ပြင်/စက်မောင်း သင်တန်းကို ရက်ကန်းနှင့် အသက်မွေးဝမ်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝမှ တာဝန်ယူကြီးကြပ်ပြီး ဆရာ/ဆရာမများမှ နေ့စဉ်နံနက် ၉ နာရီမှ ၁၆ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ပြောကြားချက်အရ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ-ပြန်/ဆက်)

No comments:

Post a Comment