Friday, October 28, 2016

နယ်စပ်ရေးရာဝန်ကြီးဌာန စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၆၅)နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၉၅) သင်တန်းဆင်းပွဲများ ကျင်းပ


ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးလေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း၌ အောက်တိုဘာလ ၂၈ရက် နံနက် ၈ နာရီက စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၆၅)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၉၅) သင်တန်းဆင်းပွဲ အခမ်းအနားများကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။





ဝန်ကြီးက အမှာစကား ပြောကြားရာတွင် "ဝန်ထမ်းများ နိုင်ငံ့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်အစိုးရ၏ လမ်းညွန်ချက်၊ ဝန်ကြီးဌာန၏ မှုဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရက ဝန်ထမ်းများရဲ့အကျိုးအတွက် မေတ္တာစေတနာများဖြင့် ဖြစ်သင့် ဖြစ်ထိုက်သော ခံစားခွင့်များအား ဆောင်ရွက်ပေးနေသကဲ့သို့ ဝန်ထမ်းများမှလည်း နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိရိုသေပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို စေတနာထား ဆောင်ရွက်သွားကြရန်နှင့် အထူး မှာကြားလိုတာကတော့ ဝန်ထမ်များအနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် လုပ်ငန်း တာဝန်များကို ခိုင်ခိုင်မြဲမြဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း"မှာ ကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက "ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများပီပီ စည်းကမ်းလိုက်နာမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့်အတူ အများနှင့် လိုက်လျောညီထွေ နေထိုင်လုပ်ကိုင်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ အမှန်တကယ် လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုလည်း တင်ပြလာပါက ဆင့်ကဲဆင့်ကဲ တင်ပြသွားကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်၍ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း လုပ်ဆောင်ရုံဖြင့် မရဘဲ မိမိနိုင်ငံတစ်ဝန်းလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရမည်ဟု ခံယူ၍ တာဝန်သိသော စိတ်ဓာတ်ဖြင့် အစွမ်းကုန်ဆောင်ရွက်သွားကြရန်နှင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြင့် မိမိဝန်ကြီးဌာန၏ ဂုဏ်ကို မြှင့်တင်သွားကြရန်" ထပ်ဆင့် မှာကြားခဲ့ပါသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း အောင်လက်မှတ်များနှင့် သင်တန်း ထူးချွန်ဆုများ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment