Friday, October 28, 2016

ပုလဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ/ နံရံကပ်/ ဓာတ်ပုံပြပွဲနှင့် ပုံပြော ပြိုင်ပွဲ ကျင်းပ


ပုလဲ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ရွာသာ-လိန်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ အောက်တိုဘာ ၂၇ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက
ကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများ အသိဥာဏ် ပညာဗဟုသုတ တိုးပွားရရှိစေရေးနှင့် ပညာရဲရင့် ပွဲလယ်တင့်စေမည့် လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ နံရံကပ်/ ဓာတ်ပုံပြပွဲနှင့် အခြေခံပညာအလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။






ရှေးဦးစွာ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေး
ဟောပြောပွဲ/ နံရံကပ်/ ဓာတ်ပုံပြပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် အခြေခံပညာအလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲ အခမ်းအနားကို ပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် ပြန်ဆက်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်မျိုးစုံ ၁ဝဝ အုပ်ကို မြို့နယ်ပြန်ဆက်ဦးစီးမှူးက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနား အပြီးတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် ဌာနဆိုင်ရာများ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်နှင့် ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်ပြဘုတ်နှင့် ဓာတ်ပုံပြဘုတ်များကို လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment