Friday, October 28, 2016

ချင်းရွှေဟော်မြို့ ဆေးရုံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းများ လာရောက်လှူဒါန်း


လားရှိုး အောက်တိုဘာ ၂၈
လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့ ဆေးရုံသို့  တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ဆေးပစ္စည်းများ လှူဒါန်းခြင်းကို အောက်တိုဘာလ ၂၇ ရက်နေ့ ၊ မွန်းလွှဲ (၂) နာရီအချိန်က ချင်းရွှေဟော်မြို့ရှိ နမ့်ဖာဟော်တံတားတွင် ကျင်းပ ပြုလုပ်သည်။






ဆေးပစ္စည်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချင်းရွှေဟော်-မိန်းတိန် နယ်ခြားဆက်ဆံရေး အရာရှိ မစ္စတာလီကျီးမြင်နှင့် တာဝန်ရှိသူများက လာရောက် လှူဒါန်းရာ ချင်းရွှေဟော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်နန်းဆိုင်ဟွမ်တို့က လက်ခံရယူခဲ့သည်။
လာရောက် လှူဒါန်းခဲ့သည့် ဆေးပစ္စည်းများမှာ ခြင်ဆေးဖျန်းပုံး (ရိုးရိုး) (၅) ပုံး၊ခြင်ဆေးဖျန်းပုံး (လျှပ်စစ်) (၃) ပုံး၊ ခြင်ဆေးဖျန်းအမှုန့် (၁၀၀) ထုပ်ပါ (၆) ပုံး၊ RDT ငှက်ဖျားသွေးစစ်ကိရိယာ (၁၀၀) ခု၊ Slide (၅၀၀) ခု၊ ငှက်ဖျားပျောက်ဆေးဗူး (၁၀၀) ဗူးတို့အား လှူဒါန်းခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေ တရုတ်ယွမ်ငွေ (၁၂၀၀၀) ခန့်၊ မြန်မာကျပ်ငွေ (၂၁) သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
ဆေးပစ္စည်းများ လှူဒါန်းပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း အင်အား (၃၅) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment