Thursday, October 13, 2016

မောင်တောမြို့နယ်အတွင်းရှိ ဆရာ /ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူများအား တည်ငြိမ် အေးချမ်းသည့် နေရာများသို့ တပ်မတော်မှ ရဟတ်ယာဉ်များဖြင့်ပို့ဆောင်


နေပြည်တော် အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် မောင်တောမြို့နယ် တောင်ပြိုဝဲကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံပြည်သူ များအား ယနေ့တွင် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် တည်ငြိမ် အေးချမ်းသည့် နေရာများသို့ ပို့ဆောင်ပေးလျက်ရှိသည်။



ထိုသို့ပို့ဆောင်ရာတွင် တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ၆ ခေါက်ပို့ဆောင် ပေးခဲ့ရာ သံဃာတော်(၁)ပါး၊ ဆရာ/ဆရာမ (၁၁၄)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၅၀)ဦးနှင့် ဒေသခံပြည်သူ (၁၆)ဦး စုစုပေါင်း (၁၈၁)ဦးတို့အား ဘူးသီးတောင်မြို့သို့ ပို့ဆောင် ပေးခဲ့ပြီး ၎င်းတို့အနက် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ (၂၇)ဦးကို ရဟတ်ယာဉ်တစ်စီးဖြင့် ဘူးသီးတောင်မှ စစ်တွေမြို့သို့ ထပ်မံပို့ဆောင်ပေးခဲ့ သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ခြင်းတို့အား အလေးထား လုပ်ဆောင် လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(မြ၀တီ)

No comments:

Post a Comment