Thursday, October 13, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော့ချီ အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ ကောင်းမွန်သည့်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ တပ်မတော်နှစ်ရပ်၏ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များ၊ အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်း၊ ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေ များအား ဆွေးနွေးကြသည်။

No comments:

Post a Comment