Wednesday, October 26, 2016

က​မ္ဘောဇဘဏ်​ အလင်းတန်း​ဖောင်​​ဒေးရှင်းမှ ​အောင်​စိုးမိုး​ကျော်​(၂)အမြန်​​ရေယာဉ်​တိမ်း​မှောက်​နှစ်​မြှုပ်​မှု​ကြောင့်​ ​သေဆုံး/သက်​ရှင်​သူ ဆရာ၊ဆရာမ ​(၆)ဦးအတွက်​ ထောက်ပံ့အလှူငွေပေးအပ်


ယင်းမာပင်​၊ ​အောက်​တိုဘာ ၂၆
စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်​ခရိုင်​၊ ကနီမြို့နယ်​ ကင်း​ကျေးရွာအုပ်​စု မိ​ချောင်းတွင်း​ကျေးရွာအနီး ချင်းတွင်းမြစ်​ထဲတွင်​ ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ​ခရီးသည်​များတင်​​ဆောင်​ကာ ထွက်​ခွာလာ​သော အောင်​စိုးမိုး​ကျော်​(၂)အမြန်​​ရေယာဉ်​တစ်​စီး ​အောက်​တိုဘာ ၁၅ ရက်​ နံနက်​ ၅ နာရီခန့်​က တိမ်း​မှောက်​နှစ်​မြှုပ်​မှု​ကြောင့်​ အမြန်​​ရေယာဉ်​​ပေါ်တွင်​ ယင်းမာပင်​မြို့နယ်​မှ ဟုမ္မလင်
းမြို့နယ်​သို့ ဆရာ၊ဆရာမတာဝန်​ထမ်း​ဆောင်​​နေသူ (၆)ဦးပါရှိသည့်​အနက်​ (၃)ဦးအသက်​ရှင်​ပြီး (၃)ဦး​သေဆုံး​ကြောင်းသိရ​သော​ကြောင့်​ က​မ္ဘေ္ဘာဇဘဏ်​အလင်းတန်း​ဖောင်​​ဒေးရှင်းမှ အဆိုပါဆရာ၊ ဆရာမ(၆)ဦး အတွက်​ ​တစ်​ဦးလျှင်​ ​ငွေကျပ်​ ငါးသိန်းစီဖြင့်​ စုစု​ပေါင်း​ငွေကျပ်​ သိန်း ၃၀ ကို ​အောက်​တိုဘာ ၂၆ ရက်​ နံနက်​ပိုင်းမှစတင်​ပြီး သက်​ဆိုင်​ရာ ယင်းမာပင်​မြို့​ပေါ်နှင့်​ ​ကျေးရွာများအ​ရောက်​သွားကာ အိမ်​တိုင်​ရာ​ရောက်​ ​ထောက်​ပံ့​ငွေများအား ယင်းမာပင်​မြို့နယ်​ ပညာ​ရေးမှူး ဦးတင်​ထွန်းဦး​ဆောင်​​သော အဖွဲ့မှ အသီးသီးလွှဲ​ပြောင်း​ပေးအပ်​ခဲ့​ကြောင်းသိရသည်​။
အဆိုပါ ​ရေယာဉ်​တိမ်း​မှောက်​နှစ်​မြှုပ်​မှု​ကြောင့်​ ယင်းမာပင်​မြို့နယ်​မှ ဆရာ၊ဆရာမ(၆)ဦးတွင်​ ​သေဆုံးသူ ​ဒေါ်​အေး​အေးသွယ်​ (ထ/ပြ)၊ ​ဒေါ်ပြုံးရီ (ထ/ပြ)၊ ​ဒေါ်ဇင်​မာနု (မူ/ပြ)နှင့်​ ​အသက်​ရှင်​သန်​သူ ​ဒေါ်သစ်​သစ်​ဖြိုး (ထ/ပြ)၊ ဦး​ဇော်​သက်​ (မူ/ပြ)၊ ​ဒေါ်ငြိမ်းစုလှိုင်​ (မူ/ပြ)တို့ဖြစ်​​ကြောင်း တာဝန်​ရှိသူထံမှသိရသည်​။


ထွန်းကိုကို(ယင်းမာပင်)

No comments:

Post a Comment