Wednesday, October 26, 2016

အဘိဓမ္မာနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအောင် ဆုနှင်းသဘင် အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းဆွးနွေး


ပုလော  အောက်တိုဘာ  ၂၅
ပုလောမြို့နယ်လုံးဆိုင်ရာ အဘိဓမ္မာနှင့် ဗုဒဘာသာ ယဉ်ကျေးမှု စာအောင် ဆုနှင်းသဘင် အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက ပုလောမြို့နယ် ဂနကုဋိတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



ဆွေးနွေးပွဲတွင် ပုလောမြို့နယ် သံဃနာယက ဥက္ကဌ ရှပ်ပုံကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တက  ပုလောမြို့နယ် အတွင်း အဘိဓမ္မာနှင့် ဗုဒဘာသာ ယဉ်ကျေးမှု စာမေးပွဲ ဖြေဆိုမှုနှင့် အောင်မြင်မှုများကို မိန့်ကြားတော်မှုပြီး၊ မြို့နယ် သံဃနာယက အဖွဲ့ဝင် ဆရာတော်များနှင့် တက်ရောက်လာကြသူများက  အခမ်းအနား ကျင်းပနိုင်ရေး အတွက် အကြံပြု ဆွေးနွေး တင်ပြခဲ့ ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ပုလောမြို့နယ်အတွင်းရှိ သံဃနာယကအဖွဲ့၊  ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊  လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး၊ ပုလောမြို့နယ်လုံးဆိုင်ရာ အဘိဓမ္မာနှင့် ဗုဒဘာသာ ယဉ်ကျေးမှု စာအောင် ဆုနှင်းသဘင် အခမ်းအနားကို နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည် (၁၃) နာရီအချိန်၌ ပုလောမြို့နယ် ဂနကုဋိတိုက်တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment