Wednesday, October 26, 2016

ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် တံတား လမ်းဆုံအနီးရှိ ခြုံနွယ် ပိတ်ပေါင်းများအား ရှင်းလင်းပေးစေလို


မော်လိုက်  အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ပညာရေးလမ်းမကြီးနှင့် ဆေးရုံသို့ သွားသောလမ်းဆုံရှိ ကွန်ကရစ်တံတား လမ်းဘေးအနီးတွင် ခြုံနွယ်ပိတ်ပေါင်းများ ပိတ်နေခြင်းကြောင့် မလိုလားအပ်သည့် ယာဉ်အန္တရာယ်များ ဖြစ်ပွားလာ နိုင်ပါသည်။

ကျွန်တော်တို့ ဒီလမ်းဆုံ တံတားနားက ခြုံနွယ်ပိတ်ပေါင်းတွေက ယာဉ်အသုံးပြုသူများအတွက် အလွန်မှ အန္တရာယ်များလှ ပါသည်။ ပညာရေး လမ်းဘက်မှလာသော မော်တော်ယာဉ်ကို တဖက်မှ လာသော ယာဉ်မှ မမြင်နိုင်ခြင်းကြောင့် မလိုလား အပ်သည့် ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်ပါသည်။ ယခုအချိန်သည် ကျောင်းဖွင့်သည့် အချိန် အခါဖြစ်နေသည့် အလျောက် အဆိုပါလမ်းကို အသုံးပြုနေကြရသည့် ကျောင်းသား /သူများနှင့် အစိုးရ၀န်ထမ်းတွေ၊ ပြည်သူတွေအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဒီလမ်းဆုံ တံတားအနီးရှိ ခြုံနွယ် ပိတ်ပေါင်းများအား ရှင်းလင်းပေးစေလိုကြောင်းပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

မော်လိုက်သားလေး 

No comments:

Post a Comment