Wednesday, October 26, 2016

ဒုတိယအကြိမ်မြောက်စာပေဟောပြောပွဲကျင်းပ

လှိုင်းဘွဲ့ အောက်တိုဘာ(၂၅)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့က ဦးဆောင်၍ လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများ စာပေကို ချစ်မြတ်နိုးပြီး စာပေမှရသည့် အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြင့်မား တိုးတက်လာစေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်တွင် အ.ထ.ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။


စာပေဟောပြောပွဲတွင် ဆရာညီမင်းညိုက “လူငယ်လူကောင်းများမှသည် လူကြီးလူကောင်းများဆီသို့’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာဦးဘုန်း(ဓာတု)က “I am the best’’ ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ(၇)နာရီတွင် မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆရာကောင်းသန့်၊ ဆရာမနုနုရည်(အင်းဝ)၊ ဆရာဦးဘုန်း(ဓာတု)၊ ဆရာညီမင်းညိုတို့က ဆက်လက်ဟောပြောမည် ဖြစ်ပြီး စာပေဟောပြောပွဲကို အောက်တိုဘာ (၂၆)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မြို့နယ်ပြန်/ဆက်

No comments:

Post a Comment