Wednesday, October 26, 2016

အမြန်လမ်း၌ အိပ်ငိုက်မောင်းနှင်၍ လမ်းလယ်ကတ်တုံးများ ဝင်ရောက်တိုက်မှုဖြစ်ပွား


ဒိုက်ဦး အောက်တိုဘာ၂၆
ပဲခူးတိုင်ဒေသကြီး၊ ဒိုက်ဦးမြို့နယ်​​ ဘောနီ အမြန်လမ်းမကြီး ရန်ကုန်-မန္တလေးမိုင်တိုင်(၅၈/၀)နှင့် (၅၈/၁) အကြား၌ အောက်တိုဘာလ ၂၆ ရက်​​နေ့ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က နေပြည်​​တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်​​မောင်း ဦးနောင်​​နောင် ၅၄ နှစ်​​ အေးသာယာရပ်ကွက်​​ တောင်ကြီးမြို့နေသူ မောင်းနှင်လာသော 2G/5415 YuTong (ပြာ/ခဲရောင်) နယူးမန္တလာထွန်း ခရီးသည်တင် မှန်လုံယာဉ်မှာ ယာဉ်​​မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကတ်တုံးများအား ဝင်​​ရောက်တိုက်မိပြီး လမ်းဘက်ခြမ်း ယာဘက်တံတား လက်ရမ်းတန်းအား တိုက်မိကာ လက်ရမ်းတန်ပေါ်တွင်ရပ်တန့်ခဲ့ပါသည်

ယာဉ်​​ပေါ်ပါရှိသူ ဦးသုမန ရွှေစည်းခုံတောရကျောင်းတိုက်ဒေသာမြို့သစ်၊ပြင်ဦးလွင်​​နေသူဒဏ်ရာများ ရရှိသွားကြောင်းနှင့် ယာဉ်​​မောင်း ဦးနောင်​​နောင်အား ဘောနီအမြန်လမ်းမကြီး ရဲစခန်းယာဉ်(ပ)၃၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်
မြို့နယ်(ပြန်ဆက်)

No comments:

Post a Comment