Thursday, October 27, 2016

မုံရွာမြို့နယ်အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် အောင်မြင်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မုံရွာ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် အခြားကုန်ထုတ် လုပ်ငန်းများ တိုးတက် အောင်မြင်လျက်ရှိရာ မုံရွာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ချိုနှင့် ဝန်ထမ်း များက အောက်တိုဘာလ(၂၇)ရက်နေ့ နေ့လည်ပိုင်းက မုံရွာမြို့နယ် ဇီးကျွန်းကျေးရွာအုပ်စု၊ ပလ္လင်(မ)ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပလ္လင်(မ)ကျေးရွာမှာ  မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့်  စိုက်ပျိုးရေး လုပ်ကိုင်သူ (၁၀၇)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၂၃)ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(၂)ဦးနှင့် အရောင်းအဝယ် လုပ်ကိုင်သူ (၉)ဦးရှိပါတယ်။ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေဖြင့် ရယူဆောင်ရွက်နေသည့် လုပ်ငန်းများ ကျေးရွာတွေမှာ တိုးတက်အောင်မြင်လျှက် ရှိနေတာကို တွေ့မြင်နေရတော့ စီမံကိန်းကျေးရွာများမှ ကျေးရွာ သူ/သားများသာမက အနီးအနား ကျေးရွာများမှလည်း မြစိမ်းရောင်စီမံကိန်းကို ၎င်းတို့ရွာများမှလည်း ရရှိဆောင်ရွက်လိုကြောင်း အားတက်သရော လာရောက်ပြောကြား ကြတာတွေ ရှိနေပါတယ်ဟု မြို့နယ်ကျေးလက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ မြစိမ်းရောင် ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အများစုလုပ်ကိုင်ကြပြီး ဌာနမှချထားပေးသော မြစိမ်းရောင် စီမံကိန်း၏ ရန်ပုံငွေဖြင့် လုပ်ငန်းအသီးသီး တိုးတက်အောင်မြင်မှုများ ရရှိနေကြကြောင်း သိရှိရသည်။

(ဖိုးချမ်းမုံရွာ)

No comments:

Post a Comment