Thursday, October 27, 2016

ပြည်မြို့၌ ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပြည် အောက်တိုဘာ ၂၆
 ပြည်မြို့ ပြည်သာယာရပ်ကွက် ကျားပျံလမ်းရှိ Mingalar Garden Resort ခန်းမ၌ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (Federalism and Peace) ကို အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။    

   


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို  Centre for Development and Ethnic Studies ( CDES ) တိုင်းရင်းသား လူမျိုးရေးရာ ဖွံ့ဖြိုးရေး နှင့် သုတေသနအသင်းမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ယင်း ( CDES ) အဖွဲ့မှ Moses C. Tehlo (Research Director) ၊ ဆလိုင်းငွန်းလျန်ဆန်း (Project Coordinator)၊ Miss Grace Ngun Za Tial (Office Manager) နှင့် Gender Director ဖိလစ်ပိုင်နိုင်ငံသူ Mrs. Janelyn နှင့်  ပဲခူးတိုင်းဒေသကြီး NLD ပါတီ လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုသက်ပိုင်ဟိန်း၊ ပြည်မြို့နယ် NLD ပါတီ လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ ကိုကျော်စွာ နှင့် ပြည်ခရိုင် (၆)မြို့နယ်မှ  မြို့နယ် NLD ပါတီ လူငယ်လုပ်ငန်းအဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် Moses C. Tehlo က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ဆလိုင်းငွန်းလျန်ဆန်းက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆွေးနွေး တင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Miss Grace Ngun Za Tial က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃၀ရာခိုင်နှုန်း ပါဝင်နိုင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Moses C. Tehlo က ပြည်ထောင်စု၏အဓိပ္ပါယ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့် ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေးဆိုင်ရာများကို အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ၂၆.၁၀.၂၀၁၆ မှ ၂၈.၁၀.၂၀၁၆ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment