Thursday, October 27, 2016

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း အုပ်ချုပ်မှုရုံး ပန္နက်တင် အခမ်းအနားနှင့် စည်ပင်သာယာရေး ကော်မတီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်

ဟားခါး အောက်တိုဘာ ၂၇
ဟားခါးမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းအုပ်ချုပ်မှုရုံး အဆောက်အဦ ပန္နက်တင် အခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီက ဟားခါးမြို့ မြို့သစ်ရပ်ကွက် ရှိ အဆိုပါမြေနေရာ၌ ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲ၊ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၉ နာရီတွင် သတ်မှတ်နေရာအသီးသီးများ၌ ပန္နက်တင်၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ယာယီရှင်းလင်းဆောင်၌ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများက အဆောက်အဦ ဆောက်လုပ်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း လိုအပ်ချက်များကို လမ်းညွှန်မှာကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် များနှင့်အတူ နံနက် ၁၀ နာရီက ဟားခါးမြို့ ကာဆင်ခန်းမ၌ ကျင်းပသော ချင်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့ စည်ပင်သာယာရေး ကော်မတီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင် က မြို့နယ်၊ မြို့ အသီးသီးမှ စည်ပင်သာယာရေး ကော်မတီဝင်များ၏ အမည်စာရင်းများကို တင်သွင်းပြီး စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်နယ်ဝန်ကြီးချုပ်၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က သြဝါဒ အမှာစကား ပြောကြားပြီး ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
( ပြည်နယ် ပြန်/ဆက် )

No comments:

Post a Comment