Wednesday, October 26, 2016

ချောက်မြို့ပြည်သူ့ဈေး မုန့်ဆိုင်များတွင် စီးကရက်ဘူးပုံစံ ရောင်စုံမုန့်ဘူးများ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေး


 ချောက်      အောက်တိုဘာလ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း၌ စီးကရက်ဘူးပုံစံ ရောင်စုံမုန့်ဘူးများ ရောင်းချမှုမရှိရေး အတွက် ပြည်သူ့ဈေး အတွင်း မုန့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းစီးကရက်ဘူးပုံစံ ရောင်စုံမုန့်ဘူး များကို ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်များ စားသုံးပြီး အတုမြင် အတတ်သင် ဆိုသကဲ့သို့ ဆေးလိပ်သောက်ခြင်း အမူအကျင့် မရှိစေရန်နှင့် ကျန်းမာရေး အတွက် ထိခိုက်စေနိုင်သော သက်တမ်း လွန်မုန့်များ၊ အချိုရည်များ၊ ဓာတုဆိုးဆေး အသုံးပြုထားသော အစားအစာများကို စစ်ဆေးခြင်း အသိပညာပေးခြင်း ဖြစ် ကြောင်း သိရသည်။
 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိုနယ်ထွေအုပ်၊ စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေး၊ ပြန်/ဆက်၊ မီးသတ်စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများပူးပေါင်း၍ ပြည်သူ့ဈေး အတွင်းရှိ မုန့်ဆိုင်များ အိမ်ဆိုင်များသို့ လိုက်လံရောင်းချခြင်း မပြုရန် စစ်ဆေး၍ အသိပညာပေးခြင်း လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးကာ နောက်နောင် ရောင်းချမှု ပြုလုပ်ပါက အဆိုစားသောက်ကုန်များအား သိမ်းဆည်းသွားမည်ဖြစ် ကြောင်းသိရသည်။

မချို(ချောက်)

No comments:

Post a Comment