Wednesday, October 26, 2016

မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသောစစ်သည်ဟောင်းများနှင့် ပညာသင်ကြားနေသော သားသမီးများအား ထောက်ပံ့ငွေပေးအပ်

ပျော်ဘွယ် အောက်တိုဘာ ၂၅
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်စည်းရုံးရေးကော်မတီမှ ၂၀၁၆-၂၀၁၇ ပညာသစ်နှစ်တွင် ပညာသင်ကြား နေသော စစ်မှုထမ်းဟောင်းများ၏ သား၊ သမီးများ၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော စစ်သည်ဟောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်၊ နံနက် (၉)နာရီက မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးအောင်ထွန်းဖြူ(ငြိမ်း)က မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ငွေပေးခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)တွင် တက်ရောက်ခဲ့သည့် အစည်းအဝေး အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပြီး ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် စစ်သည်ဟောင်း(၅)ဦးကို တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးမောင်မောင်တင်(ငြိမ်း)နှင့်အဖွဲ့ဝင်များက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် အထက်တန်းအဆင့် ကျောင်းသား(၄၃)ဦးအား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်း၊ အလယ်တန်းအဆင့် ကျောင်းသား(၃၇)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၂၀၀၀)နှုန်း၊ မူလတန်းအဆင့် ကျောင်းသား (၂၈)ဦးအား တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်-ပြန်/ဆက်)


No comments:

Post a Comment