Wednesday, October 26, 2016

ကမ္ဘာ့လက်ဆေးခြင်းနေ့ အခမ်းအနားတွင် လက်ဆေးခြင်း အဆင့်ဆင့် သရုပ်ပြ၍ ဉာဏ်စမ်းပဟေဠိ ဖြေဆို ပြိုင်ပွဲကျင်းပ


မလှိုင် အောက်တိုဘာ ၂၅
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း LEGACY စီမံကိန်းမှ ကြီးမှူးပြုလုပ်သော ကမ္ဘာ့လက်ဆေးနေ့ (Global Hand Washing Day) အထိမ်းအမှတ် အခမ်းအနားတွင် လက်ဆေးခြင်း အဆင့်ဆင့် သရုပ်ပြခြင်းနှင့် ဥာဏ်စမ်းပဟေဠိ ဖြေဆိုပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မလှိုင်မြို့၊ ရွှေကျင်ဘုန်းတော် ကြီးသင် ပညာရေး ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။



အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုး၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း LEGACY Project မှ စီမံကိန်းမန်နေဂျာ ဒေါ်ဝင်းမာတို့က အမှာစကားများ ပြောကြားပြီး စီမံကိန်းအရာရှိ ဒေါ်မြမြသွေး က လက်ဆေးခြင်းနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှ ဆရာမလေးများက လက်ဆေးခြင်း အဆင့်ဆင့်ကို ကဗျာရွတ်ဆို၍ သရုပ်ပြသပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား/သူလေးများ က အစုအဖွဲ့(၅) ဖွဲ့ခွဲ၍ လက်ဆေးခြင်း အဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြသခဲ့ပြီး ဉာဏ်စမ်းမေးခွန်းများကိုဖြေဆိုခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများကို မြို့နယ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းသည် မလှိုင်မြို့နယ်တွင် LEGACY စီမံကိန်းကို LIFT မှလှူဒါန်းသော ရန်ပုံငွေဖြင့် SCI , IPA , PGMF တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


မလှိုင်မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment