Wednesday, October 26, 2016

စာဖတ်စွမ်းရည်ပြိုင်ပွဲ ၊ ကဗျာရွက်ဆိုပြိုင်ပွဲ ၊ ပုံပြောပြိုင်ပွဲ တောင်ကုတ်၌ ကျင်းပပြုလုပ်


တောင်ကုတ် အောက်တိုဘာ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ခန်းမ၌ အောက်တိုဘာလ (၂၆) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွက်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခဲ့သည်။



အခမ်းအနားသို့ အလက၊ သိမ်တောင်ကျောင်းမှ  ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ နံရံကပ် ဓါတ်ပုံပြပွဲများ၊ စာအုပ်စာစောင်များ ပြသခြင်းများအား ဖတ်ရှုကြပြီးနောက် အလက၊ သိမ်တောင် ကျောင်းအုပ်ဆရာကြီးထံသို့ စာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကုတ် (ပြန်/ဆက်)

No comments:

Post a Comment