Wednesday, October 26, 2016

၂၀၁၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ ၂၆
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စားပွဲတင်းနစ် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မျိုးဆက်သစ် စားပွဲတင်တင်းနစ်အားကစားသမားများ ပေါ်ထွက်လာ စေရန် ရည်ရွယ်ကျင်းပပြုလုပ်သော  ၂၀၁၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ဃ)၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာအောင်ခင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အားကစားသမားများ တက်ရောက်ကြပါသည်။




ရှေးဦးစွာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အေးခိုင် (ဧရာဝတီတိုင်းဒေသကြီး)နှင့် စောတာဝေလင်း (ရန်ကုန်တိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ အေးခိုင် (ဧရာဝတီတိုင်းဒေသကြီး) မှ (၄)ပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲသွားပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ အမျိုးသား၊ အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲ တွင် ပထမဆုရ အေးခိုင် + ကြူကြူလင်း (ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရ ဖြိုးဟိန်း + နန်းစက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲ တတိယဆုရ မင်းစိုးသန်း + ဝေဝေအောင် (မန္တလေးတိုင်းဒေသကြီး)နှင့် မြတ်သူရလင်း + နိုင်နိုင်ဝင်း (ရှမ်းပြည်နယ်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေမှ တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ အမျိုးသမီး (၂)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရ နန်းဆက်ဝါ + ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရ မေခြူးခိုင် + အိမ့်အိမ့်မြင့်မိုရ်စိုး (ရန်ကုန်တိုင်း ဒေသကြီး)၊ ပူးတွဲတတိယဆုရ ကြူကြူလင်း + အိအိ (ဧရာဝတီတိုင်းဒေသကြီး)နှင့် ထက်အိအိငြိမ်း + ဇူးဇူးမေမောင် (မကွေးတိုင်းဒေသကြီး)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းမှလည်းကောင်း၊ အမျိုးသား (၂)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရ သန့်ဇော် + မင်းစိုးသန်း (တနင်္သာတိုင်းဒေသကြီး)၊ ဒုတိယဆုရ မြတ်သူရလင်း + သန်းဌေးအောင် (ရှမ်းပြည်နယ်)၊ ပူးတွဲ တတိယဆုရရှိသော စောတာဝေလင်း + ကျော်ကျော်ဝင်း (ရန်ကုန်တိုင်းဒေသကြီး)နှင့် အေးခိုင် + အောင်မြင့်မြတ် (ဧရာဝတီတိုင်းဒေသကြီး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးမှ တစ်ဦးချင်းဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ ကြူကြူလင်း (ဧရာဝတီတိုင်း ဒေသကြီး)၊ ဒုတိယဆုရ ဝေဝေအောင် (မန္တလေးတိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရ နိုင်နိုင်ဝင်း (ရှမ်းပြည်နယ်)နှင့် နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသက်လွင်မှလည်းကောင်း၊ အမျိုးသား (၁)ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ အေးခိုင် (ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရ စောတာဝေလင်း (ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲ တတိယဆုရ သန်းဌေးအောင် (ရှမ်းပြည်နယ်)နှင့် မြတ်သူရလင်း (ရှမ်းပြည်နယ်)တို့အား အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်းဆုတံဆိပ်များကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရ ကြူကြူလင်း (ဧရာဝတီတိုင်း ဒေသကြီး)နှင့် အမျိုးသား အကောင်းဆုံးအားကစားသမားဆုရ အေးခိုင် (ဧရာဝတီတိုင်းဒေသကြီး) တို့အား မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်မှ ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ ရှမ်းပြည်နယ်အသင်း၊ ပူးတွဲတတိယဆုရ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန် တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း၊ ပူးတွဲတတိယဆုရရှိသော မကွေးတိုင်း ဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်းအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။

ဆက်လက်၍ ရွှေတံဆိပ် (၄)ခု၊ ကြေးတံဆိပ် (၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိ သွားသော ဧရာဝတီတိုင်းဒေသကြီးအား ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာအောင်ခင်မှ စုပေါင်း တံခွန်စိုက်ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

No comments:

Post a Comment