Wednesday, October 26, 2016

အောာင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်တိမ်းမှောက်မှုကြောင့် ကွယ်လွန်သူများအား ရည်စူး၍ အမျှ အတမ်းပေးဝေခြင်းနှင့် ကနီမြို့ပေါ်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ



 ကနီ   အောက်တိုဘာ     ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကင်းကျေးရွာအုပ်စု၊ မိချောင်းတွင်း ကျေးရွာအနီး တွင် အောက်တိုဘာ ၁၅ ရက်နေ့ နံနက်(၀၅း၀၀) နာရီအချိန်က အောင်စိုးမိုးကျော်(၂) အမြန် ယာဉ်တိမ်း မှောက်မှုကြောင့် အမြန်ရေယာဉ်ပေါ်ပါ နစ်မြုပ်သေဆုံးသူများအား ရည်စူး၍ အမျှအတမ်း ပေးဝေခြင်းနှင့် ကနီမြို့ပေါ်အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၂၆ ရက် နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။


အမျှအတမ်းပေးဝေခြင်းနှင့် ကနီမြို့ပေါ်အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲတွင် ပထမ ဦးစွာ သံဃာတော် အရှင်သူမြတ်များအား အာရုံဆွမ်းများ ဆက်ကပ်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ တက်ရောက်လာသောဌာနဆိုင်ရာနှင့် လူပရိသတ်များ အား တိုင်းသံဃာ့ဝန်ဆောင် ဆရာတော် ဦးဝါယာမိန္ဒမှ အနုမောဒနာတရား ဟောကြားကာ ရေစက်သွန်းချ အမျှဝေခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တိုင်းသံဃာ့ဝန်ဆောင် ဆရာတော် ဦးဝါယာမိန္ဒ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဆရာတော်နှင့် ဆရာတော်အရှင်သူမြတ်များက ကနီမြို့နယ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ် တိမ်းမှောက် မှုကြောင့် နစ်မြုပ်သေဆုံးသူများ ဆယ်ယူဆောင်ရွက်ခဲ့သည့် ချင်းတွင်းမြစ်ကမ်းဘေး အမှတ်(၁) ရပ်ကွက် ဖောင်ဖွဲ့ရေးဆိပ်ကမ်းမှစ၍ အန္တရာယ်ကင်းပရိတ်တရားများကို မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် အမှတ်(၁)၊ (၂)နှင့် အမှတ်(၃)ရပ်ကွက်များသို့ မော်တော်ကားများဖြင့် လှည်လည်ရွတ်ဖတ်ပူဇော် ခဲ့ကြကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)

No comments:

Post a Comment