Friday, October 28, 2016

အရည်အသွေးပြည့်ဝသောမျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု သင်တန်းဖွင့်ပွဲ

လှိုင်းဘွဲ့ အောက်တိုဘာ ၂၈
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အိုင်အာရ်စီတို့ ပူးပေါင်းဆောင်ရွက်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်(၉)နာရီတွင် ပြည်သူ့ဆေးရုံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။



အခမ်းအနားတွင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်သိန်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် သန္ဓသားပျက်ခြင်း၊ သားကြောဖြတ်ခြင်း၊ အပ်မြုပ်ခြင်း၊ သားအိမ်တွင်းပစ္စည်းများ ထည့်သွင်းခြင်းများကို ပြည်သူများ ကုန်ကျစရိတ်သက်သာ စေရန်အတွက် ပြည်သူ့ဆေးရုံတွင် အခမဲ့ဆောင်ရွက် ပေးနေပြီးဖြစ်ပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ ဒေါက်တာဟန်မင်းဗိုလ်က မိသားစုစီမံကိန်းများ အကြောင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ သားဆက်ခြားခြင်း အကြောင်းအရာများအား အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ပြည်သူ့ကျန်းမာရေးဌာန၊ ဌာနခွဲ(၄၈)ခုမှ အခြေခံကျန်းမာရေး ဝန်ထမ်း(၅၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၃)ရက်ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မြို့နယ်ပြန်/ဆက်

No comments:

Post a Comment