Wednesday, October 26, 2016

မတ္တရာမြို့နယ်၌ ဘုရားမီးပူဇော်ရာမှ နေအိမ်အားမီးလောင်ကျွမ်းမှုဖြစ်ပွား


မတ္တရာ အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အမှတ်(၄) ရပ်ကွက် သင်္ဘောကုန်းရပ်တွင် အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။



ဖြစ်စဉ်မှာ အိမ်ရှင် ဦးမြသန်း၏ ၁၅ပေ၊ ၁၂ပေ၊ ၁၅ပေရှိ သွပ်မိုး၊ ထရံကာနေအိမ်တွင် ဘုရားမီးပူဇော်ရာမှ ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မီးလောင်ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ၈ နာရီ ၃၇ မိနစ် တွင် သတင်းရရှိခဲ့ပြီး မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၄၁ မိနစ် တွင် မီးထိန်းနိုင်ခဲ့ကာ ၈ နာရီ ၄၅မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် တစ်စုံတစ်ဦးမှ ထိခိုက်မှု မရှိကြောင်းနှင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။
မီးပေါ့ဆသုံးစွဲသူ အိမ်ရှင် ဦးမြသန်းအား မတ္တရာမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment