Wednesday, October 26, 2016

စည်းကမ်းဖောက်ဖျက် မော်တော်ဆိုင်ကယ်များအား ရှောင်တခင် စစ်ဆေးအရေးယူ

စဥ့်ကိုင် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်တွင် ပြည်သူများအသက်အန္တရယ်ကင်းရှင်းရေးနှင့် ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးတို့ကို ရှေ့ရှုလျက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျလိုက်နာ ကျင့်သုံးနိုင်ရေးတို့အတွက် စဉ့်ကိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ ရဲတပ်ကြပ်သန်းဌေးနှင့် အဖွဲ့တပ်ဖွဲ့များမြို့နယ် ပြန်ကြားရေး ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ (၂၆) ရက်နေ့က မြို့တွင်းနှင့် ရန်ကုန်၊ မန္တလေးလမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ်များအား ရှောင်တခင် စစ်ဆေးကြ သည်။

ထိုသို့စစ်ဆေးရာတွင် မော်တော်ဆိုင်ကယ် စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များဖြစ်သည့် လူနှစ်ဦးထက် ပိုမိုစီးနင်းသူများ၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများနှင့် ပါဝါအိတ်ဇောဖွင့် မောင်းနှင်သူများ စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် မော်တော်ဆိုင်ကယ်များအား စိစစ်ဖမ်းဆီးကာ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ငွေဒဏ်များ ချမှတ်အရေးယူခဲ့ကြောင်း သတင်းရရှိသည်။


ဖိုးအောင်(စဥ့်ကိုင်-ပြန်/ဆက်)

No comments:

Post a Comment