Wednesday, October 26, 2016

အခြေခံအဆောက်အဦကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီနိုင်မည့် ကိစ္စရပ်များဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၆
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာရှအခြေခံ အဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် ဥက္ကဋ္ဌ Mr. Jin Liqun ဦးဆောင်သောအဖွဲ့သည် အောက်တိုဘာ ၂၅ ရက် နေ့လယ် (၁) နာရီတွင် နေပြည်တော် ရှိမြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနိုင်ရေး ကိစ္စရပ်များ၊ အာဆီယံနိုင်ငံများအကြား စီးပွားရေးတိုးတက်မှု တစ်ပြေးညီလာစေဖို့ လမ်းပန်းဆက်သွယ်ရေးအပါဝင် အခြေခံ အဆောက်အဦကဏ္ဍ ဖွံ့ဖြိုးလာစေရန် ကူညီနိုင်မည့်ကိစ္စရပ်များ၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျင့်သုံးလျက် ရှိသည့် ငွေကြေးမူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံကအသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းသို့တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဆက်အောင်၊ ဒေါ်ခင်စောဦးနှင့် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)

No comments:

Post a Comment