Monday, October 3, 2016

နေပြည်တော် အောက်တိုဘာ ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၂၉.၉.၂၀၁၆ ရက်နေ့နှင့် ၃၀.၉.၂၀၁၆ ရက်နေ့များတွင် ကျင်းပ ပြုလုပ်သည့် (၉)ကြိမ်‌မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ +၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်သည်။
ပြည်ထောင်စု ဝန်ကြီးသည် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် လူမှုဝန်ထမ်း ဆိုင်ရာ အာဆီယံ နိုင်ငံများ၏ ဝန်ကြီးများ အလွတ် သဘော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အာဆီယံ ဒေသတွင်း ကလေး သူငယ်များ၊ မသန်စွမ်းသူများ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများနှင့် ထိခိုက် လွယ်သော အုပ်စုများ အတွက် လူမှု ဝန်ဆောင်မှုနှင့် ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
မွန်းလွဲပိုင်းတွင် (၉)ကြိမ်ွမောက် အာဆီယံ လူမှု ဝန်ထမ်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ လူမှုကာကွယ် စောင့်ရှောက်မှု မြှင့်တင်ရေး ကြေငြာချက်အား အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ အနေဖြင့် လူမှု ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ မဟာဗျူဟာ စီမံချက် ရေးဆွဲကာ စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အာဆီယံ ဒေသတွင်း အမျိုးသမီးနှင့် ကလေး သူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေး ဆိုင်ရာ စီမံချက်၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အရည်အသွေး စံသတ်မှတ်ချက် ရေးဆွဲ ချမှတ်နိုင်ခြင်းများ အတွက် ဂုဏ်ယူပါကြောင်း၊ အာဆီယံ သက်ကြီး ရွယ်အိုများ ဆိုင်ရာ ကြေငြာချက်နှင့် မသန်စွမ်းသူများ ဆိုင်ရာ ဘာလီ ကြေညာချက်များအား အာဆီယံ+ ၃ နိုင်ငံများနှင့် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ‌ဆွေးနွေး ‌ပြောကြားသည်။
ထို့နောက် စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် (၅)ကြိမ်မြောက် အာဆီယံ +၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ဆက်လက် တက်ရောက်၍ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ+၃ မိတ်ဖက်နိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံများအား လူမှုဝန်ထမ်း ဆိုင်ရာ လုပ်ငန်း ကဏ္ဍများတွင် ပံ့ပိုးကူညီမှု များအား ကျေးဇူးတင် ရှိပါကြောင်း‌ ပြောကြားပြီး ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အဆိုပါ (၃)နိုင်ငံ၏ လူမှုဝန်ထမ်းဆိုင်ရာ ဝန်ကြီးများနှင့် ဆွေးနွေးညှိနှိုင်းသည်။

အဆိုပါ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် ဆက်စပ်သည့် (၁၂)ကြိမ်ွမောက် အာဆီယံလူမှု ဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ+ ၃ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

No comments:

Post a Comment