Monday, October 3, 2016

အွန်လိုင်း သတင်းစာကို အင်္ဂလိပ် ဘာသာ၊ မြန်မာ ဘာသာနှင့် ထုတ်ဝေရေး မြန်မာ သတင်းပညာ သိပ္ပံ (MJI)နှင့် ဆွေးနွေး

ရန်ကုန် - အောက်တိုဘာ ၃
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မဟာမြိုင်လမ်းရှိ မြန်မာ သတင်းပညာ သိပ္ပံ (MJI) သင်တန်းခန်းမသို့ သွားရောက်ပြီး   ပြန်ကြားရေး ဝန်ကြီးဌာနက အွန်လိုင်း သတင်းစာကို အင်္ဂလိပ် ဘာသာ၊ မြန်မာ ဘာသာနှင့် ထုတ်ဝေရေး အတွက် စီစဉ်သည့် အခါ သင်တန်း ပေးနိုင်ရေးနှင့် စပ်လျဉ်းပြီး တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံ ဆွေးနွေးစဉ် မြန်မာ သတင်းပညာ သိပ္ပံ (MJI)က တာဝန် ရှိသူများ အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်တန်းဖွင့်လှစ်နိုင်ရေး၊ သတင်းသမားများကို လေ့ကျင့် သင်ကြားပေးနိုင်ရန် အကူအညီနှင့် အကြံဉာဏ်များ ပေးနိုင်ရေး၊ အဆိုပါ လုပ်ငန်း ဖြစ်မြောက်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန် ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ သတင်းပညာ သိပ္ပံ၊ ဆဲဗင်းဒေးလ် သတင်းဌာနနှင့် Frontier မြန်မာမဂ္ဂဇင်းတို့မှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment