Friday, October 21, 2016

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေး မည်


စစ်တွေ - အောက်တိုဘာ -၂၁
ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ် ခေတ္တစွန့်ခွာလာသူများအား နေရပ် ပြန်နိုင်ရေးနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ကူညီပေးမည့်အစီအစဉ်များ ဆွေးနွေးပွဲကိုယနေ့ နံနက်၉ နာရီကစစ်တွေမြို့  ပြည်နယ် အစိုးရဧည့်ဂေဟာ အစည်းဝေး ခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာနညွန်ကြားရေးမှုးချုပ် ဦးအောင်သန်းဦးက နယ်မြေအေးချမ်းတည်ငြိမ် လာပြီဖြစ်သည့် အပြင် သီတင်းကျွတ် ကျောင်းပိတ်ကာလ ပြီးဆုံးသည့် အောက်တိုဘာ(၂၄)ရက်တွင် ကျောင်းများပြန် လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ကျောင်းပိတ်ရာသီ ကာလတွင် နေရပ်သို့ ခေတ္တပြန်လည် သွားရောက်သည့် ဆရာ/ဆရာမများကိုလည်းအချိန်မီ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနညွန်ကြားရေးမှုးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ကျန်းမာရေးဌာနရှိဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေး ၀န်ထမ်းများက မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှ ဒေသခံပြည်သူများအား ၂၄ နာရီပတ်လုံး ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိကြောင်းနှင့် လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများ ထပ်မံစေလွှတ် ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။
စက်မှုလယ်ယာ ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးပုလဲမောင်က စိုက်ပျိုးရေးဌာနမှလည်း ယခု ကာလသည် စိုက်ပျိုးထားသည့် စပါးများရိတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်သည့် အတွက် လက်တွန်း စပါးရိတ်စက်များ အားပေးပို့ သွားမည့်အပြင် ခေတ်မီစပါးရိတ်သိမ်းနည်းများကိုပါ ဒေသခံများအား သင်ကြား ပေးသွားမည်ဖြစ် ကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများကလည်း မိမိတို့ဌာန အလိုက် မောင်တောနှင့်ဘူးသီးတောင်ဒေသတွင် ရှေ့ဆက်ဆောင်ရွက်မည့်အစီစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဓည၀တီ အားကစားကွင်း အတွင်းကြောက်ရွံ့ ထိတ်လန့် မှုကြောင့် နေရပ်ခေတ္တစွန့်ခွာ လာသူများယာယီနေနိုင်ရန်ဖွင့် လှစ်ထားသည့်  ကယ်ဆယ်ရေးစခန်းအား သွားရောက် ၍ ယာယီနေထိုင်စဉ် ကာလတွင်လည်း စားရေးသောက်ရေးမှအစ ကျန်းမာရေး စောင့်ရှောက်မှုအထိ စီစဉ်ဆောင်ရွက် ပေးထားကြောင်း ၊ယခုအခါနယ်မြေတည်ငြိမ် အေးချမ်းလာ ပြီဖြစ်သည့်အတွက် မိမိတို့နေရပ်သို့ ပြန်လည်သွားရောက်မည်ဆိုပါက အဆင်ပြေချောမွေစွာ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မောင်တောမြို့တွင် ရောက်ရှိနေသည့် ကြောက်ရွံ့ ထိတ်လန့် မှုကြောင့် နေရပ်ခေတ္တ စွန့်ခွာလာသူများသည်လည်းနယ်မြေတည်ငြိမ် အေးချမ်းနေပြီဖြစ်သည့် အတွက် ၄င်းတို့နေရပ်သို့ပြန်နေပြီဖြစ်ကြောင်း၊ နေရပ်ပြန် လည်နေထိုင်သူ များ အတွက်လည်း ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူးစသည့် ရိက္ခာများထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားရာ နေရပ်ခေတ္တ စွန့်ခွာလာသူ တစ်ချို့ ကလည်းကျန်ရစ်ခဲ့သည့် အိမ်သားများနှင့် ဖုန်းအဆက်အသွယ်ရရှိပြီဖြစ်ကြောင်း၊ နယ်မြေလည်းတည်ငြိမ် အေးချမ်းလာ နေသည် ကိုသိရှိပါကြောင်း၊ စပါး ရိတ်သိမ်းချိန်ကာလလည်း ရောက်ရှိနေပြီဖြစ်သဖြင့် မကြာခင် မိမိတို့နေရပ်သို့ ပြန်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေရပ်ခေတ္တ စွန့်ခွာလာသူများ ယာယီနေထိုင်စဉ် ကာလတွင်လည်း အဆင်ပြေချော မွေ့စွာနေနိုင်ရန် ယာယီတဲများဆောက်လုပ်ထားမှု၊ လျှပ်စစ်မီး သွယ်တန်းပေးထားမှု၊ ၀မ်းရောဂါမဖြစ်ပွားစေရန် ရေကန်နှင့်ယင်လုံအိမ်သာများ ဆောက်လုပ်ထားမှုနှင့် နေ့ညမပြတ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမတွင် စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့ကအစိုးရ အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း၊ လိုအပ်ချက် များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို မလိုလား သူများက အဖျက်အမှောင့်များ လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျူးလွန်သူများ ဖော်ထုတ်နိုင်ရန်အတွက် ပူးပေါင်းကူညီပေးစေလို ကြောင်းပြောကြားရာ အစ္စလာမ်ဘာသာဝင်များက ယခု အကြမ်းဖက်မှုဖြစ်စဉ်သည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှု ဆောင်ရွက်နေချိန်တွင် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် သူများအား ဖော်ထုတ်နိုင်ရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

No comments:

Post a Comment