Friday, October 21, 2016

မောင်တောမြို့၊ အောင်မြေဗောဓိသာသနာ့ရိပ်သာ ကျောင်းတိုက်၌ ခေတ္တတိမ်းရှောင် နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်


နေပြည်တော် အောက်တိုဘာ-၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောမြို့၊ အောင်မြေဗောဓိသာသနာ့ရိပ်သာ ကျောင်းတိုက်၌ ခေတ္တတိမ်းရှောင် နေထိုင်လျက် ရှိသည့် ဖားဝပ်ချောင်းကျေးရွာ၊ ဥဒေါင်းကျေးရွာ၊ မောရ၀တီကျေးရွာ၊ သရေကုန်းဘောင်ကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊
ကန်သာယာကျေး ရွာ၊ ပြားသားကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့မှ ဒေသခံတိုင်းရင်းသားပြည်သူ များမှ နေရပ်သို့ပြန်လည်နေထိုင်ရန် ဆန္ဒပြုသည့် တိုင်းရင်းသားပြည်သူများအား အောက်တိုဘာ ၁၉ ရက်မှစ၍ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိသည်။
နေရပ်ပြန်တိုင်းရင်းသားပြည်သူများအား အောင်မြေဗောဓိသာသနာ့ရိပ်သာ ကျောင်းတိုက်ဆရာတော် အရှင်မဏိသာရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး နှင့်တာဝန်ရှိသူများက ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ပို့ဆောင် နှုတ်ဆက်ကြသည်။
အောင်မြေဗောဓိသာသနာ့ရိပ်သာကျောင်းတိုက်၌ ခေတ္တတိမ်းရှောင်နေထိုင် လျက်ရှိသည့် ဒေသခံတိုင်းရင်းသား အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ စုစုပေါင်း ၄၀၉ ဦး အနက် နေရပ်ပြန်ရန်ဆန္ဒပြုသည့် အိမ်ထောင်စု ၄၁ စု၊ လူဦးရေစုစုပေါင်း ၁၆၁ ဦးတို့ကို အောက်တိုဘာ ၁၉ ရက်တွင်လည်းကောင်း၊ အိမ်ထောင်စု ၄၃ စု၊ လူဦးရေ စုစုပေါင်း ၁၃၆ ဦးတို့ကို အောက်တိုဘာ ၂၀ ရက်တွင်လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment