နေပြည်တော်၊
အောက်တိုဘာ- ၂၇
မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအား
စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့်
ကာယစွမ်းရည် ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာ စေရန်ရည်ရွယ်၍ အောက်တိုဘာလ ၂၇ ရက်နေ့
နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား
ပုံပြင် ပြောပြခြင်းနှင့် နယ်လှည့် စာကြည့်တိုက်ဖွင့်လှစ်ကာ စာအုပ် စာစောင်များကိုငှားရမ်းပေးကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဒက္ခိဏခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဦးဆန်းကြည်နှင့် ဝန်ထမ်းများက “ဘုန်းကြီးပါစေအသက်ရှည် ပညာတတ်ကြီးဖြစ်ပါစေ” ခေါင်းစဉ်ဖြင့်
ပုံပြင်များကိုပြောပြကြပြီး ကျောင်းသား/ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင်းခန်းများကိုပြုလုပ်
ပေးကြသည်။
ထို့နောက် ဝန်ထမ်းများက အသိပညာပေး နံရံကပ်ပြဘုတ်များ
ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ပေးရာတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက
သုတ၊ရသစာအုပ် စာစောင် များကို စိတ်ဝင်တစားဖတ်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်




No comments:
Post a Comment