Thursday, October 27, 2016

ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်


တပ်ကုန်း အောက်တိုဘာ ၂၇
နေပြည်တော် တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စု၊ တဲမြင့်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်အရ ညောင်လွန်ကျေးလက်ကျန်းမာရေးဌာန မှ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ကျန်းမာရေး စစ်ဆေးပေးခြင်း လုပ်ငန်းများကို အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ညောင်လွန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးအောင်ဝင်းလှိုင် က ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း၊ လူငယ်/လူရွယ် မျိုးဆက်ပွားကျန်းမာရေး အကြောင်းနှင့်စနစ်တကျ သွားတိုက်နည်း၊ ပိုးမွှားကင်းစေရန် လက်ဆေးခြင်း၊ ချေးညှော်ကင်းစွာ နေထိုင်ခြင်းတို့ကို ဟောပြောခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများအား ကိုယ်အလေးချိန်နှင့်ခန္ဓာ ကိုယ်ကြီးထွားနှုန်းတိုင်းတာခြင်း၊ လိုအပ်သည့်ကျန်းမားရေး များ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။


တပ်ကုန်းမြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment