Thursday, October 27, 2016

ရှမ်းပြည်နယ်အားကစားကွင်းပြန်လည်ပြုပြင်

တောင်ကြီး အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း အတွင်းရှိ မီတာ(၄၀၀) ပြေးလမ်းကို အသစ်ပြန်လည် ပြုပြင်ကြောင်း သိရသည်။


အဆိုပါပြေးလမ်းသည် မြေသားအောက်အမာခံရရှိနိုင်ရန် ကျောက်ကြီးများထည့်၍ လမ်းကြိတ်စက်ဖြင့်ကြိတ်ပြီး နောက်ထပ် ကျောက်ငယ်များထည့်၍ ရေလောင်းကာ ထပ်မံကြိတ်ပြီး နောက်ဆုံးအဆင့်ဖြစ်သည့် ကျောက်မီးသွေးမြေသား ကျောက်စရစ်ခဲများ ရောပြီးကြိတ်ရကြောင်း၊ မီတာ (၄၀၀) ပတ်လမ်းကောင်းမွန်အောင် ပြုပြင်နေကြောင်း၊ ဘောလုံးကွင်းကိုလည်း ပြန်လည်ပြုပြင် ဆောင်ရွက်နေကြောင်း၊ ယခုအချိန်တွင် ဘောလုံးပြိုင်ပွဲနှင့် ခြေစမ်းပွဲများ၊ ဘောလုံးလေ့ကျင့်မှုများ ပြုလုပ်နေသောကြောင့် ကွင်း၏အချို့နေရာများ ပျက်စီးမှုများရှိနေ၍  ကွင်းများပြန်လည် ကောင်းမွန်ရန်အတွက် ပြန်လည်ပြုပြင်နေရကြောင်း၊ မကြာမီကာလတွင် မြန်မာနေရှင်နယ်လိဂ်ပွဲ များရောက်ရှိတော့ မည်ဖြစ်၍ ဘောလုံးကွင်းမြက်များကို ပြန်လည်စိုက်ပျိုးရန်လိုကြောင်း ယခင်က တရုတ်မြက်အမျိုးအစားကိုသာ စိုက်ပျိုးပြီး၊ ယခုအခါ ဂျပန်မြက်များကို အစားထိုးစိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် ယခုကွင်းပြုပြင်မှုသည် ၂၀၁၆-၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် ပြုပြင်ကာ ဘတ်ဂျက်ကာလအတွင်းတွင်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment