Monday, October 31, 2016

ထီးလင်းမြို့အထွက်ကားလမ်းမပေါ်သို့ မြေသားပြိုကျမှုဖြစ်ပွား


ထီးလင်း အောက်တိုဘာ ၃၁
ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်တွင် အောက်တိုဘာလ (၃၀) ရက်နေ့ ည (၁၂း၀၀)နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထီးလင်း-ကျောက်ထု ကားလမ်းပိုင်း ထီးလင်းမြို့အထွက် မိုင်တိုင်အမှတ် ၂၂ လမ်းပေါ်သို့ မြေသားပြိုကျမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ မြေသားပြိုကျသည့်နေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်သူ့ဆောက် လုပ်ရေးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ် တပ်ဖွဲ့များက သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ရာ နံနက် (၈း၃၀)ခန့် တွင် ပြီးစီး၍ ကားများသွားလာဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါ ခရိုင်ပြန်/ဆက်

No comments:

Post a Comment