Monday, October 31, 2016

ဝေါမြို့နယ်အသင်း(ရန်ကုန်)၏ နဝမအကြိမ်မြောက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားပြုလုပ်ကျင်းပ


ဝေါ  အောက်တိုဘာ ၃၀
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရရန်သင်ကြားပေးသော ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများအား ဝေါမြို့နယ် အသင်းရန်ကုန်မှ (နဝမ) အကြိမ်မြောက် ပညာရည်ချွန်ဆုပေးပွဲကို ဝေါမြို့ဘိုး/ဘွားရိပ်သာ ဓမ္မာရုံတွင် အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ရွှေတောင်တိုက်သစ် ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဝေါအသင်း(ရန်ကုန်)၏ သြဝါဒါစရိယ ဘန္ဒန္တထေရာဝံသာဘိဝံသက သြဝါဓကထာချီးမြှင့်ပြီး ဝေါမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင် ၊ ဝေါမြို့နယ်အသင်း (ရန်ကုန်) နာယကကြီး ဦးသိန်းကျော် နှင့် ဝေါမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စု တို့က အသီးသီး အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် ဝေါမြိုနယ်ပြည်သူ့လွှတ်တော်ကိုယ်ယ်စားလှယ် ဦးတင်ထွေး နှင့် တာဝန်ရှိသူများက ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သုံးဘာသာ ဂုဏ်ထူးရရှိ သူ(၃)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ (၁၂)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၀၈)ဦးနှင့် နိုင်ငံတော်မှ ချီးမြှင့်သည့် (အလယ်တန်းအဆင့် လူရည်ချွန်ကျောင်းသား တစ်ဦးနှင့် ဂုဏ်ထူးရရန် သင်ကြားပေးသော ကျောင်းအုပ် ဆရာကြီးများနှင့် ဆရာ/ဆရာမ (၅၀)ဦးတို့အား ပညာရည်ခွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပညာရည်ချွန်ဆုရရှိသူများထဲမှ ကျောင်းသား/ကျောင်းသူများ၏ ကိုယ်စားကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝေါမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးဝေလင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်ဆက်)

No comments:

Post a Comment