Monday, October 31, 2016

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


သနပ်ပင် အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ အထက(သနပ်ပင်)ခန်းမ၌ အောက်တိုဘာလ(၂၉)နှင့်(၃၀) ရက်များတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် တိုင်းကျန်းမာရေးဦးစီးဌာန၊ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းနှင့် မြို့သူမြို့သားများ ပူးပေါင်းစီစဉ် ကျင်းပသော ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်း၏(၃၄)ကြိမ်မြောက် ကျန်းမာရေးအလှူတော်အခမ်းအနားကို နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။





အဆိုပါအခမ်းအနားတွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ ဦးစီး ပဓာန နာယကဆရာတော် အရှင်ဆန္ဒာဓိကမှ သြ၀ါဒစကားချီးမြှင့်ခြင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အမှာစကား ပြောကြားခြင်း၊ ရွှေပါရမီ ဖောင်ဒေးရှင်း ဥက္ကဌ ဦးရှိန်ဝင်းမှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်း၊ လှူဒါန်းရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ ကျန်းမာရေးအလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းပေးသော ပုဂ္ဂိုလ်များနှင့် ဆောင်ရွက်ပေးသော သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး ဆရာတော်၊ ၀န်ကြီးချုပ်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တို့သည် ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို လှည့်လည်ကြည့်ရှု့ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment