Thursday, October 27, 2016

မြစ်သားမြို့ကူမဲ-အုန်းကုန်းလမ်းပိုင်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မြစ်သား အောက်တိုဘာ၂၆
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီး ဌာနတို့က ကူမဲ-အုန်းကုန်းလမ်းပိုင်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို အောက်တိုဘာ၂၆ ရက်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသည် ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်း ကျေးရွာအထိ တစ်မိုင်အရှည်ရှိပြီး မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းဖြစ်သည်။ ထိုသို့အဆင့်မြှင့်တင်ရာတွင် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာနှစ်တွင် တင်ဒါအောင်မြင်သော ဓနဖြိုးပြည့် ကုမဏီက ဆောင်ရွက်လျှက်ရှိရာ လမ်း၏သတ်မှတ် စံနှုန်းများ၊ အရည်အသွေးများ ပြည့်ဝစွာဆောင်ရွက်နိုင်ရေးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်း လင်းကျော်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒေါ်မော်မော်ဦး (ဦးစီးအရာရှိ- နည်းပညာ) တို့က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ရဲဝင်ထွန်း(မြစ်သား)

No comments:

Post a Comment