Thursday, October 27, 2016

ရာသီဥတုဆိုင်ရာ ဘေးဒဏ်ခံနိုင်မှုအညွှန်းကိန်း ကနဦးဆန်းစစ်မှု အလုပ်ရုံဆွေးနွေးပွဲ မြောင်းမြတွင်ပြုလုပ်

မြောင်းမြ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် SEEDS ASIA တို့ပူးပေါင်း၍ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်တွင် ကမ်းရိုးတန်းဒေသ ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်မှု ညွှန်းကိန်းကနဦး လေ့လာဆန်းစစ်မှုနှင့် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ မြို့နယ်အတွင်းရှိ ကျေးရွာများ၌ပြုလုပ်ခဲ့သော ရာသီဥတုဆိုင်ရာဘေးဒဏ်ခံနိုင်မှု သုတေသနပြုလုပ်မှုရလဒ်များ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ(၂၇) ရက်နေ့ နံနက် (၉) နာရီက မြောင်းမြမြို့နေနန်းတော်ဟိုတယ် (၂) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် (၂၆)  မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကမ်းရိုးတန်းဒေသ ရပ်ရွာလူထုဘေးဒဏ်ခံနိုင်မှု အညွှန်းကိန်း  ကနဦးလေ့လာဆန်းစစ်မှု (CCRI) နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ပြုလုပ်ခဲ့သော ရာသီဥတုဆိုင်ရာ ဘေးဒဏ်ခံနိုင်မှု အညွှန်းကိန်း ကနဦးလေ့လာဆန်းစစ်မှု (CDRI) နှင့် ပတ်သက်၍ သုတေသနပြုလုပ်ပြီးစီးမှုရလဒ်များကို ဆွေးနွေးကြမှာဖြစ်ပါတယ်…. ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (SEEDS  Asia) မှတာဝန်ရှိသူ ဦးစိုးပြည့်အောင် ကပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညွှန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး SEEDS Asia Project Manager Mr. Shigehiro   SHIBATA က သုတေသနပြုလုပ်မှု နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်စက်မှုတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဌာနနှင့် ခရိုင်အတွင်းရှိ  မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မမြို့နယ်များမှ အရာရှိအဆင့်ဌာနဆိုင်ရာ (၂၅) ဦး တက်ရောက်ခဲ့ပြီး သုတေသနပြုလုပ်ချက်များတွင် မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာအရာရှိများက ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable  Development) အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် စီမံကိန်း (Action Plan) များကို ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မင်း (မြောင်းမြ)

No comments:

Post a Comment