Wednesday, October 26, 2016

စက်ဘီးစီးပွဲကို သံဖြူဇရပ်မြို့တွင် ကျင်းပမည်

သံဖြူဇရပ်   အောက်တိုဘာ ၂၅
စက်ဘီးစီးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် စက်ဘီးစီးခြင်းဖြစ် ကျန်းမာရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး သံဖြူဇရပ်မြို့၌ စက်ဘီးစီးပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျင်းပမည့် စက်ဘီးစီးပွဲကို မွန်းလွဲ ၃ နာရီအချိန်၌ သံဖြူဇရပ်မြို့မဈေး အရှေ့မှ စတင် ထွက်ခွာမည်ဖြစ်ပြီး စက်စဲကမ်းခြေအရောက် ၁၀မိုင်ခရီးကို စီးနင်းစေရန် စီစဉ်ထားရှိပြီးဖြစ်ရာ အမျိုးသား အမျိုးသမီး အသက်အရွယ်မရွေး ပါဝင်စီးနင်းနိုင်ကြောင်းနှင့် ပြိုင်ဘီးအမျိုးအစား စက်ဘီးဖြင့်သာ ဝင်ရောက်စီးနင်းရမည်ဖြစ်ပြီး စက်စဲကမ်းခြေခရီးဆုံးအထိ ရောက်ရှိစီးနင်းသူများကို မြို့နယ်စက်ဘီး ကော်မတီမှ အမှတ်တရ လက်ဆောင်ပစ္စည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ကျော်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment