Thursday, October 27, 2016

အန္တရာယ်ဖြစ်ပွားနိုင်သည့် ရထားလမ်းဧရိယာအတွင်း ဈေးရောင်းချမှုများကို တားမြစ်သင့်

ရေတာရှည် အောက်တိုဘာ
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ ယခုနှစ်အတွင်း ရထားတိုက်မိ၍ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရထားရဲတပ်ဖွဲ့နှင့် မီးရထားတာဝန်ရှိသူများက ပညာပေးဟောပြောခြင်းများ ပြုလုပ်လျက်ရှိသော်လည်း မြို့အလိုက် စည်ပင်သာယာဈေးများနှင့် ထိစပ်လျက်ရှိသောနေရာများမှ ရထားလမ်းပေါ်အထိ ဈေးရောင်း ချမှုများကို တားမြစ်သင့်ကြောင်း သုံးသပ်ပြောကြားမှုများလည်း ရှိနေသည်။

"မနက်ခင်းဈေးရောင်းတဲ့ အချိန်တွေဟာ မန္တလေး၊ နေပြည်တော်အမြန်ရထားတွေ ဖြတ်တဲ့အချိန်တွေ ဖြစ်နေတော့ အရမ်းအန္တရာယ်များပါတယ် သက်ဆိုင်ရာတွေကနေ တားမြစ်ပေးသင့်ပါတယ်" ခရီးသွားတစ်ဦးက ပြောကြားသည်။
ရထားများက အမြန်နှုန်းမြင့် မောင်းနှင်သည့်အခါ လေအချိန်ကြောင့် လဲကျနိုင်ကာ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်း သွားလာခြင်းကြောင့် ရထားကြိတ်ခံရမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။

ရေတာရှည်(ပြန်/ဆက်)

No comments:

Post a Comment