Thursday, October 27, 2016

(၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး ကျင်းပမည်

ဘားအံ အောက်တိုဘာ ၂၇
ကရင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သော ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို နှစ်စဉ်မပြတ် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယခုအခါ ၆၁ နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကရင်အားကစား မြန်မာ အားထားရစေရန်နှင့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ အားကစား သမားကောင်းများ ပေါ်ပေါက် လာစေရန် အတွက်  မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ပွဲကြီးပွဲကောင်း အတွဲကြီး အတွဲကောင်းများဖြင့် နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ၅ ရက်တိုင်တိုင် နေ့စဉ် မွန်းတည့် ၁၂ နာရီအချိန်မှစ၍ စိန်ခေါ်ပွဲ၊ အောင်လံလုပွဲနှင့် ၂ ချီ၊ ၃ ချီ အထူးစိန်ခေါ်ပွဲများဖြင့် ပရိတ်သတ် စိတ်ကြိုက်  စီစဉ် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးများ အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် မိုးဟိန်း (မြန်မာ) နှင့် ဒန်းမဏီ (ထိုင်း)၊ စူပါ (မြန်မာ)နှင့် စန်းကော် (ထိုင်း)၊ နက္ခတ်အောင် (တောင်ကလေး)နှင့် ရွှေချစ်သွေး (တိုက်ဂါး)၊ လှိုင်းထက်အောင် (ထောင်းထော့)နှင့် မြှားကလေး (ရန်စစ်ငြိမ်း)၊ ကော့ကယ် (ဇာနည်မောင်)နှင့် အောင်ဇော်ဟိန်း (ထောင်းထော့)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် သပြေညို (မြန်မာ)နှင့် မားမိုင် (ထိုင်း)၊ ရဲသွေးနီ (မြန်မာ)နှင့် ဒဲစာဒါး (ထိုင်း)၊ ဒါဝိတ် (တောင်ကလေး)နှင့် စစ်အောင် (ရန်စစ်ငြိမ်း)၊ ရန်နိုင်ထွန်း(တိုက်ဂါး)နှင့် ရားအူးဖလုံ(ရွှေမိုးထိငြိမ်းချမ်းရေး)၊ ထူးနေသူ (တောင်ကလေး)နှင့် စိုးဝင်းသန်း(ရန်စစ်ငြိမ်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကာ နိုဝင်ဘာလ ၉ ရက်နေ့တွင် စောဘဦး(မြန်မာ)နှင့် ဂျန်ဘို(ထိုင်း)၊ မိုက်ရိုင်း(မြန်မာ)နှင့် ကောက်ဖိုးဒါန်(ထိုင်း)၊ ဖူးသစ်ကျော်နိုင်(စက်ရုံ)နှင့်ဝမ်းစတား (တိုက်ဂါး)၊ စိန်မျိုးအောင်(တောင်ကလေး)နှင့် မင်းနိုင်ထွန်း(ယူနိုက်တက်)၊ နေရိုင်း(ရန်စစ်ငြိမ်း)နှင့် သက်ပိုင်အောင် (တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးကြမည်ဖြစ်သည်။
အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွေးသစ်ဝင်းလှိုင်(ရွှေမိုးထိ)နှင့် ဟိုစန်လတ်(ထိုင်း)၊ ရန်နိုင်အောင် (ရွှေမိုးထိ ငြိမ်းချမ်းရေး)နှင့်ဒဲ့နောင့်ခန်း(ထိုင်း)၊ ဖိုးလပြည့်(မြန်မာ)နှင့်ညူးဝမ်းကျန် (ထိုင်း)၊ စစ်သွေး (စက်ရုံ)နှင့် ရာဇာ (ရွှေမိုးထိငြိမ်းချမ်းရေး)၊ လင်းထက်အောင် (တောင်ကလေး)နှင့်ကျော်စွာဝင်း (ယူနိုက်တက်)၊ ထက်လင်းဦး (တိုက်ဂါး)နှင့် အံဘွား (ယူနိုက်တက်)၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖျံသွေး(မြန်မာ)နှင့် တာဝမ်ချိုင်း (ထိုင်း)၊ စောမင်းအောင်(မြန်မာ)နှင့် ဘားမီချိုင်း(ထိုင်း)၊ သွေးသစ်အောင်(မြန်မာ) နှင့် ချိုင်းစကမ်း(ထိုင်း)၊ ထက်အောင်ဦး(တောင်ကလေး) နှင့် ကျားပေါက် (ရန်စစ်ငြိမ်း)၊ သူထက်အောင်(ဇာနည်မောင်) နှင့် ရွှေရာဇာ(စက်ရုံ)၊ အာကသမောင်(တိုက်ဂါး) နှင့် စင်္ကြာဝဋ္ဌာမောင် (တောင်ကလေး)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည့် ဖြစ်ကာ (၃)သိန်း အောင်လံ၊ (၅)သိန်းအောင်လံ၊ (၇)သိန်းအောင်လံ ပွဲများနှင့် ၂ ချီ၊ ၃ ချီ အထူးစိန်ခေါ်ပွဲများဖြင့် ဘားအံမြို့၊ သီရိကွင်း၊ ကရင်ကျောင်းသားများရိပ်သာရှေ့ လက်ဝှေ့ရုံကြီးတွင် အသည်းကောင်း၍ ပွဲတောင်းသူများနှင့် အသည်းမာ၍ ပွဲလာသူများ စိတ်ကြိုက် စီစဉ်တင်ဆက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:

Post a Comment