Wednesday, October 26, 2016

အလံချိန်ကျေးရွာတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်


ကျောက်ဖြူ         အောက်တိုဘာလ  ၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အလံချိန်ကျေးရွာတွင် အောက်တိုဘာလ ၁၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော ၀မ်းပျက်/ ၀မ်းလျောမူများ သက်သာပျောက်ကင်း သွားပြီဖြစ်ကြောင်း အလံချိန်ကျေးရွာ ရပ်/ကျေး စာရေး ဦးအောင်နိုင်စိုးထံမှ သိရှိရပါ သည်။

ကျန်းမာရေးဌာန ဆရာမဒေါ်ခင်စောသိန်း၊ ဆရာ/ နှင့်အတူရွာသားများက အောက်တိုဘာလ(၂၅)နေ့ နေ့လည်ပိုင်း တွင် အလံချိန်ကျေးရွာ လူနာစုရပ်ဖြစ်သော အ..က(ခွဲ)ကျောင်းအား ပိုးသတ်ဆေးဖျန်းခြင်း၊ အမှိုက်များ မီးရှို့ဖျက်စီးခြင်း၊ ရေတွင်း/ရေကန်များအား ကလိုတင်း ပိုးသတ်ဆေးမှုန့်များ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment