Wednesday, October 26, 2016

မြစ်သားမြို့ မြစိမ်းရောင်စီမံကိန်းစာရင်းဇယားများ စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး


မြစ်သား အောက်တိုဘာ ၂၅ ရက်
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် နိုင်ငံတော် အစိုးရ၏ အရင်းမပျောက် လည် ပတ်ရန်ပုံငွေ ကျပ်သိန်းသုံးရာစီဖြင့် ကျေးရွာနေ ပြည်သူများလူမှုစီးပွားရေးဘ၀ ပိုမို တိုးတက်မြင့်မားလာစေရန် ၂၀၁၆-၂၀၁၇ ဘာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံကိန်း လုပ်ငန်းများ အောင်မြင်ရေး၊ ငွေစာရင်းဆိုင်ရာများ စနစ်တကျရှိစေရေးအတွက် စိုက်ပျိုးရေး၊  မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်း စာရင်းဇယားများကို အောက်တိုဘာ၂၄ ရက်နေ့ နံနက်၁၀နာရီက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမြတ်နှင့် အဖွဲ့ဝင်များက ကျေးရွာမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီအဖွဲ့အား အရင်းမပျောက် လည်ပတ်ငွေများ အဆင်ပြေစွာ ဆောင်ရွက်နိုင် ရန် မြစိမ်းရောင် ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်သူ(၁၀၂)ဦး၊ မွေးမြူရေးလုပ်ငန်းများ     ဆောင်ရွက်သူ(၂၈)ဦးနှင့် ကုန်ထုတ်လုပ်ငန်းများ၊ အရောင်းအ၀ယ်လုပ်ငန်းများ ဆောင်ရွက်သူ (၈၂)ဦးတို့စာရင်းစစ်ဆေးမည့်ပုံစံများ၊ စာရင်းဇယားများ ဖြည့်သွင်းထားရှိမှု အခြေအနေများကို ပေါင်းစပ်ဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်   ရွက်ရန် ညွှန်ကြားခဲ့ပြီး လုပ်ငန်းအကောင်အထည်ဖေါ်မှုများကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

No comments:

Post a Comment