Tuesday, October 18, 2016

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျှံနှင့် အဖွဲ့အား ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အခြေအနေအမှန်များကို ပြည်သူများအချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်- မြန်မာနှစ်နိုင်ငံ မီဒီယာကဏ္ဍဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ကြသည်။ 

No comments:

Post a Comment