Tuesday, October 18, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယသမ္မတနိုင်ငံရှိ ပြည်တွင်း ပြည်ပသတင်းမီဒီယာ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံ

နယူးဒေလီ အောက်တိုဘာ ၁၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ယနေ့ ဒေသ စံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် Times Now သတင်းဌာနမှ အယ်ဒီတာ Mr.Srinjoy Chowdhury နှင့်လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် Hindustan Times သတင်းဌာနမှ Associate editor, Mr. Zezaul Laskar နှင့်လည်းကောင်း၊
ညနေ ၄ နာရီ ၄၅ မိနစ်တွင် Washington Post သတင်းဌာနမှ Bureau Chief, Ms. Annie Gowanနှင့် လည်းကောင်း သီးခြားစီလက်ခံတွေ့ဆုံသည်။

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်ပြီး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

No comments:

Post a Comment