Monday, October 31, 2016

လူထုအခြေပြု အထောက်အကူ သင်တန်းဆင်းပွဲ

ပုဏ္ဏားကျွန်း  အောက်တိုဘာ ၃၁
စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ခန်းမ၌ ဦးကျော်မြင့် Low Firm မှ ကြီးမှူးကျင်းပသော လူထုအခြေပြု ဥပဒေအထောက်အကူပြု သင်တန်းဆင်းပွဲကို ၃၁-၁၀-၂၀၁၆ နေ့လည်(၁) နာရီ အချိန်က ပြုလုပ်ကျင်းပရာ မြို့နယ်အုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများနှင့် အရပ်ဖက်ပြည်သူများ၊ သင်တန်းသား/သင်တန်းသူများ စုံညီစွာ တက်ရောက်ကြသည်။

U Kyaw Myint Low Firm က ပြည်သူလူထုကြားမှာ တရားဥပဒေ စိုးမိုးပြီး ပြည်သူများ ဥပဒေဗဟုသုတများ တိုးပွားရရှိစေရန်နှင့် မရှိဆင်းရဲသူများ၏ မှုခင်းများကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို သင်တန်း နည်းပြဆရာက ပြောကြားသည်။
သင်တန်းကာလမှာ ၂ ရက်တာ ဖြစ်ပြီး သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment